လောကမိခင်ပညာဒါနကျောင်း ဖြစ်ပေါ်လာပုံ

Saturday, January 4, 2014

မတန်မရာကြံစည်တတ်တဲ့ မြေခွေးယုတ်နှင့် အမျိုးစောင့်သူ ခြင်္သေ့မ

ဒီဝတ္ထုဇာတ်တော်လေးက လုပ်ကြံဖန်တီးထားတာမဟုတ်ပါဘူး။ တကယ့် ၅၅၀ ဇာတ်နိပါတ်မှာလာတဲ့ သိင်္ဂ`ါလဇာတ်၏ အတိတ်ဝတ္ထုပင်ဖြစ်ပေသည်။ ဇာတ်တော်ရဲ့ သဘောသွားက ကိုယ်နှင့်ဘယ်လိုမှ မအပ်စပ်တဲ့နေရာ၊ မအပ်စပ်တဲ့ အမျိုးအနွယ်များကို စွဲလန်းတာမဖြစ်ဖို့၊ အကယ်၍ ကိုယ်နှင့်မအပ်စပ်တဲ့နေရာ၊ မထိုက်တန်တဲ့နေရာ၊ မအပ်စပ်တဲ့အမျိုးအနွယ်၊ မထိုက်တန်တဲ့ အမျိုးအနွယ်အပေါ်စွဲလန်းခြင်းဖြစ်ပါက သေပွဲဝင်ရကြောင်း၊ ပျက်စီးရကြောင်းကို အခြေခံပြီး ဖော်ပြထားတာကိုတွေ့ရပါတယ်။ ကိုယ်နှင့်ထိုက်တန်သည့်နေရာ၊ ကိုယ်နှင့်အပ်စပ်သည့်နေရာ၊ ကိုယ့်နှင့်ထိုက်တန်သည့် မျိုးနွယ်၊ ကိုယ်နှင့်အပ်စပ်သည့်အမျိုးအနွယ်သာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါသည်။ မျိုးမတူဇာတ်ခြားကို မပေါင်းသင်းမိဖို့ လက်မခံမိဖို့ အလွန်မှအရေးကြီးသလို၊ မြင့်မြတ်တဲ့နေရာကိုလူတိုင်းလိုချင် ရချင်ပိုင်ဆိုင်ကြချင်ပေမယ့် ကိုယ်နှင့်မထိုက်တန်ပါက မစွဲသင့်တော့ပေ။ အကယ်၍စွဲလန်း တပ်မက်ပါက ထိုနေရာ၊ ထိုအမျိုးအနွယ်ကို မရသည့်အပြင် သေပွဲဝင်ပျက်စီးရကြောင်း သံဝေဂတရားတွေ သင်ခန်းစာကောင်းတွေ ပေးထားတဲ့ ဇာတ်တော်တစ်ပုဒ်ပင်ဖြစ်ပါသည်။


ရှေးတုန်းက ဘုရားလောင်းခြင်္သေ့ကြီးက ဟိမဝန္တာအရပ်မှာ သူ၏ညီငယ်ခြောက်ယောက်၊ ညီမငယ်တစ်ယောက်တို့နှင့် ရွှေဂူမှာနေထိုင်ကြပါတယ်။ ထိုရွှေဂူ၏ မနီးမဝေး ငွေတောင်မှာတော့ မြေခွေးတစ်ကောင်က ဖန်ဂူဖြင့် နေပါတယ်။ မြေခွေးဆိုတော့ အဆင်းကလည်း မည်းညစ်ညစ်၊ ရုပ်ဆိုးဆိုး အကျည်းတန်သလို စိတ်ဓာတ်ကလည်း သူတစ်ပါးကို အမြဲတန်း ယုတ်မာ၊ အကောက်ကြံဖို့ ညစ်ပတ်ဖို့လောက်ပဲ ကြံစည်နေသူဆိုတော့ အောက်တန်းကျသည်ဟု ဆိုရပေမည်။ အဆင်းလည်းမလှ အချင်းနှင့်လည်း မပြည့်စုံသူပေါ့။ ဘုရားလောင်နှင့် ညီငယ်ခြောက်ယောက်တို့ဟာ အစာရှာဖို့တောထဲကိုထွက်သွားတဲ့အခါ ညီမငယ်ခြင်္သေ့မငယ်လေးကို ထားရစ်ခဲ့ပါတယ်။ အဲဒီအခါ အကြံသမားမြေခွေးယုတ်က သူ့အကြံအစည်တိုင်းပေါ့၊ ခြင်္သေမငယ်လေး၏ ရွှေဂူတံခါးဝကိုသွားရောက်ပြီး ချစ်ရေးဆိုပါတော့တယ်။ ကိုယ့်နှင့်တန်လားမသိ၊ မတန်လားမသိ၊ လိုချင်တာတစ်ခုကိုပဲ ရှေးတန်းတင်တတ်တဲ့မြေခွေးယုတ်ပါ။ သူ့ရဲ့ ခြင်္သေ့မငယ်ကို စည်းရုံးပုံကလည်း အရှင်ခြင်္သေ့မငယ် ငါသည်လည်း အခြေလေးချောင်းရှိသော သားတည်း၊ သင်သည်လည်း အခြေလေးချောင်းရှိသော သားမတည်း။ သင်သည်ငါ၏ မယားဖြစ်ပါလော့၊ ငါသည်လည်း သင်၏လင်ဖြစ်ပါအံ့၊ ငါတို့သည် ညီညွတ်ကြကုန်၍ ဝမ်းမြောက်ဝမ်းသာကြကုန်၍ နေကြကုန်အံ့။ ဆိုပြီး မရှက်မကြောက် ချစ်ရေးဆိုစည်းရုံးတာပါ။

ဒါပေမယ့်ခြင်္သေ့မငယ်၏ အမျိုးအပေါ် သစ္စာစောင့်သိမှုက လေးစားစရာ၊ အတုယူစရာပါ။ သူကဘယ်လို စဉ်းစားဆုံးဖြတ်သလဲဆိုတော့ ဤမြေခွေးသည် အခြေလေးချောင်း ရှိကုန်သော သားတို့ဘောင်တွင် ယုတ်ညံ့၏။ စက်ဆုပ်ဖွယ်ရှိ၏။ ဒွန်းစဏ္ဍားမျိုးနှင့်တူ၏။ ငါတို့သည်ကား မြတ်သောမင်းမျိုးု သမုတ်အပ်ကုန်သော သားတို့တည်း။ ဤမြေခွေးယုတ်သည် ငါနှင့်တကွ မလျောက်ပတ်သော မထိုက်တန်သောစကားကို ဆို၏။ ဤစကားကိုကြားရသည်မှာ အလွန်ပင်ရှက်ဖွယ်ကောင်းသောကြောင့် အသက်ပင်ဆက်မရှင်ချင်တော့၊ သေသည်ကသာ မြတ်သည်ဟု အကြံအစည်ဖြစ်တော့၏။ ခေတ်လိုပြောရလျှင်တော့ အဆင်းအားဖြင့်မည်းညစ်ညစ်၊ စိတ်ဓာတ်အားဖြင့်လည်း သူတောင်းစားလောက်မှ ဇောက်မနက် ကျေးဇူးမသိ၊ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ရုံဖြင့် လူဟုမခေါ်ဆိုနိုင်သူ ကျေးဇူးကန်းသူ၏ မတန်မရာပြောတတ်တဲ့ ချစ်ရေးဆို ထိုစကားကို ကြားရသည်မှာ အသက်ရှင်ခြင်းထက် သေရခြင်းသည်သာမြတ်သည်အထိ ရှက်ဖွယ်ကောင်းကြောင်း စဉ်းစားခြင်းဖြစ်ပါသည်။ အလွန်ပင် လေးစားစရာအတုယူစရာပါ။ တိရစ္ဆာန်ဖြစ်လင့်ကစား ယုတ်ညံ့သူ၊ ကောက်ကျစ်သူ၊ မည်းညစ်ညစ်နှင့် အဆင်းမလှသူကို ဆေးဖော်ကြောဖက်တောင်မလုပ်ချင်တဲ့ ခြင်္သေ့မငယ်၏ အမျိုးပေါ် သစ္စာစောင့်သိမှုကတော့ အလွန်တရာမှ အတုယူဖွယ်ပင်ဖြစ်ချေသည်။ တိရစ္ဆာန်ဖြစ်သူ အမျိုးအားဖြင့် မြင့်မြတ်သူ ခြင်္သေ့မတောင်မှ ယုတ်ညံ့သော မြေခွေးယုတ်ကို အိမ်ထောင်ဖက် မရွေးချယ်တဲ့ လုပ်ရပ်ကို အတုယူကာ လူဖြစ်တဲ့ အမျိုးမြတ်လှတဲ့၊ ဗုဒ္ဓဘာသာဝင်များလည်း  အမျိုးအနွယ်မတူသူများကို အိမ်ထောင်ဖက်အဖြစ် လုံးဝမရွေးချယ်သင့်လှကြောင်း ထင်ရှားတော့၏။

နောက်ဆုံးတော့ ခြင်္သေ့မငယ်လေး၏ သေချင်လောက်အောင် အရှက်ရမှုဟာ မြေခွေးယုတ်ကြောင့်ဖြစ်ကြောင်း အစ်ကိုဖြစ်သူ ခြင်္သေ့ကြီးသိရှိသွားသည့်အတွက် အစ်ကိုဖြစ်သူခြင်္သေ့ကြီးက သုံးကြိမ်သုံးခါ ဟိန်းဟောက်လေသောအခါ မြေခွေး၏ ဖန်ဂူအတွင်း အိပ်ပျော်နေတုန်း အလွန်ကိုထိတ်လန့်တုန်လှုပ်ပြီး နှလုံးကွာကာ သေပွဲဝင်လိုက်ရတော့၏။ မတန်မရာကြံစည်တတ်တဲ့ မြေခွေးယုတ်၏ နောက်ဆုံးခရီးကား မလှမပနှင့်ဇာတ်သိမ်းရတော့၏။ မိမိနှင့် မထိုက်တန်သည့်အရာအပေါ် စွဲလန်းခြင်းကြောင့် မလှမပနှင့် သေပွဲဝင်လိုက်ရတော့၏။

ဒါကြောင့် ဗုဒ္ဓဘာသာလူငယ်လေးများလည်း ကိုယ့် ဗုဒ္ဓဘာသာ အမျိုးသမီးငယ်လေးများ ဘာသာခြားများ၏ အန္တရာယ်ပေးမှုများကို ကြုံတွေ့ပါလျှင် လက်ပိုက်ကြည့်မနေသင့်လှပေ။ အကူအညီပေးသင့်လှ၏။ လမ်းကြောင်းမှန်ပေါ်သို့ အကြောင်းအကျိုး ညှိနှိုင်းပေးပြီး အရောက်ပို့ပေးဖို့၊ မိမိနှင့် အတူနေသူ မိတ်ဆွေသူငယ်ချင်းအပေါင်းကိုလည်း အသိပေးတရားများ ဆုံးမပဲ့ပြင်ပေးပါ၊ တဆင့်စကားပြောကြားပါပေးဟု အကြံပြုလိုက်ရတော့၏။
မျိုးမတူ ဇာတ်ခြားများနှင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး မပတ်သတ်မိဖို့ လိုအပ်ကြောင်း ဒီဇာတ်တော်လေးက အသိတရားတွေ၊ သင်ခန်းစာတွေ၊ သံဝေဂတွေ ပေးထားခြင်းဖြစ်ပေတော့သည်။ ခြင်္သေ့တို့၏ စည်းလုံးမှုအစွမ်းကလည်း အံ့မခန်းပင်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Newer Post Older Post Home

0 comments:

Post a Comment