“ထူးခြားသော အမျိုးသမီး”
★★★★★★★★★★★★
ရွှေပြည်သာမြို့နယ၊် (၉)ရပ်ကွက်တွင် ဘာသာခြားမိသားစုတစ်စုရှိ၏။
သူတို့သားသမီးများထဲတွင် လွန်စွာလှပသော မိန်းကလေးတစ်ယောက်ပါ၏။
ထိုမိန်းကလေးသည် ဘာသာခြားဖြစ်သော်လည်း အရွယ်ရောက်ချိန်မှစ၍
ရတနာသုံးပါးကို အလိုလိုကြည်ညိုနေ၏။ ဗုဒ္ဓရုပ်ပွားတော်များကိုတွေ့လျှင် ဦးချချင်၏။
ည တရားပွဲများနှင့်တွေ့လျှင် ဝင်ရောက်နာယူချင်၏။
ဆွမ်းခံသံဃာများကိုတွေ့လျှင် လောင်းလှူချင်၏။
ဗုဒ္ဓဘာသာလောကထဲသို့ မည်ကဲ့သို့ ဝင်ရောက်ရမည်ကို မသိနိုင် ဖြစ်နေ၏။
တစ်ခုသာရှိတော့၏။
ဗုဒ္ဓဘာသာအမျိုးသားနှင့် အိမ်ထောင်ကျမသာလျှင်
သူသည် ဗုဒ္ဓဘာသာဖြစ်ရမည်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်
အမျိုးသားမှတစ်ပါး မည်သည့်ဘာသာဝင် အမျိုးသားနှင့်မှ
အိမ်ထောင်မကျပါစေနှင့်ဟု အဓိဌာန်ပြု ဆုတောင်းထား၏။
သူမ အရွယ်ရောက်သည်နှင့် ယောင်္ကျားလေးရှင်တိုင်းက လာစပ်ကြ၏။
သူ့မိဘများကလည်း သူတို့နှင့် ဘာသာတူလျှင် ပြီးရောဟူသောစိတ်ဖြင့် လာစပ်သမျှကို လက်ခံ၏။
အံ့သြစရာကောင်းသည်ကား စေ့စပ်ပြီးသည်နှင့် သတို့သားလောင်းသည်
မယူချင်တော့ဟုဆိုကာ စေ့စပ်ကြောင်းလမ်းမူကို ဖျက်ပစ်၏။
ဤကဲ့သို့ ပျက်သွားသည်မှာ ငါးယောက်လောက်ပင်ရှိသွား၏။
ထိုသို့ ဖြစ်သည်ကို သူ့မိဘများက မကျေနပ်။ ထို့ကြောင့်
သူတို့နှင့်ဘာသာတူ ရေခဲချောင်းရောင်းသူ လူတစ်ယောက်နှင့်ပင် စေ့စပ်ပေး၏။
အံ့သြစရာကောင်းလှ၏။ မဲပေးနေသော ရေခဲချောင်းရောင်းသမားသည်
ယင်းမိန်းကလေးကို မနှစ်သက်ဟုဆိုကာ စေ့စပ်ပွဲကို ဖျက်ပစ်ပြန်၏။
★ ★ ဗုဒ္ဓဘာသာဖြစ်မည့် မိန်းကလေး၏ ဘုန်းကံကြောင့်
ဘာသာတူသောအမျိုးသားများ အနားသို့ မကပ်နိုင်ခြင်းဖြစ်၏။★ ★
ငါးရာ့ငါးဆယ်လာ မဟောသဓာဇာတ်ကြောင်းတွင် ထိုပုံစံမျိုးတွေ့ဖူး၏။
တက္ကသိုလ်မှ ဒိသာပါမောက္ခဆရာကြီးသည် တပည့်များ ပညာဆုံးခန်းတိုင်သောအခါ
တစ်ယောက်သောတပည့်နှင့် သူ့သမီးချော အလိမ္မာကိုပေးစားပြီး ပြန်လွှတ်လိုက်၏။
သို့သော် မိန်းကလေးက ဘုန်းကံရှိပြီး ယောက်ျားလေးက ဘုန်းကံမရှိသောအခါ
မိန်းကလေးနားသို့ မကပ်နိုင်ဖြစ်နေ၏။ မိန်းကလေးက ခုတင်ပေါ်အိပ်နေလျှင်
ထိုယောက်ျားလေးက ကြမ်းပြင်ပေါ် ဆင်းအိပ်၏။
ယောက်ျားလေးနေရာ ဇာတိမြို့သို့ ပြန်လာရင်း တောတစ်တောကိုဖြတ်ရ၏။
ထိုတောထဲတွင် သစ်သီးပင်တစ်ပင်ကိုတွေ့၍ မိန်းကလေးက ယောက်ျားလေးကို တက်ခူးခိုင်း၏။
ယောက်ျားလေးက ခူးမပေးဘဲ ကိုယ့်ဖာသာတက်ခူးဖို့ ပြော၏။
မိန်းကလေးသည် မခံချင်စိတ်ကြောင့် သစ်ပင်ပေါ်သို့ ကိုယ်တိုင်တက်ပြီး ခူး၏။
မိန်းကလေး သစ်ပင်ပေါ်ရောက်သွားသည်နှင့် ယောက်ျားလေးဖြစ်သူသည်
သစ်ပင်ပတ်လည်တွင် ဆူးခတ်များချထားပြီး ထွက်ပြေးလေ၏။
မိန်းကလေးက အောက်ဆင်းပြီး သူ့နောက်သို့မလိုက်စေရန် ဆူးခတ်တွေ ချထားခြင်းဖြစ်၏။
ထိုအချိန်မှာပင် ဝိဒေဟရာဇ်ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်လာရင်း ထိုအမျိုးသမီးကို တွေ့သွားပြီး
နှစ်သက်တော်မူသဖြင့် တော်ကောက်ခါ မိဖုရားခေါင်ကြီး အဖြစ်မြှောက်စားတော်မူ၏။
ဤဇာတ်တော်၌ မိန်းကလေးတွင် မိဖုရားခေါင်ကြီးဖြစ်ရမည့် ဘုန်းကံ ပါနေသောကြောင့်
သာမန်ယောက်ျားလေး တစ်ယောက်က ကာမပိုင်အဖြစ် မသိမ်းပိုက်နိုင်ခြင်းဖြစ်သလို
ရွှေပြည်သာမှ မိန်းကလေးသည်လည်း ဗုဒ္ဓဘာသာဖြစ်ရမည့် ဘုန်းကံရှိနေသောကြောင့်
ဘာသာတူအမျိုးသားများက မသိမ်းပိုက်နိုင်ကြခြင်းဖြစ်၏။
(မှတ်ချက်)။ ။ရေသဖန်းပင်ပေါ်မှရသော မိဖုရားဖြစ်သောကြောင့် “ဥဒုမ္ဗရဒေဝီ” ဟု အမည်တွင်၏။
တစ်ရက်တွင်းကား ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ယောက်နှင့်ရသွားပြီး
သူဆည်းကပ်ကိုးကွယ်ချင်သည့် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ခွင့် ရသွား၏။
မိဘ ဘိုးဘွားအစဉ်အဆက် ဘာသာခြားဖြစ်နေပါလျက် ဤမိန်းကလေးသည်
ဗုဒ္ဓဘာသာကိုမှ အလိုလို ကိုးကွယ်ချင်စိတ်ဖြစ်နေခြင်းသည် အဘယ့်ကြောင့်နည်း။
အဖြေကား ဤမိန်းကလေးသည် အရင်ဘဝက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင် ဖြစ်၏။
ဒါန၊ သီလ၊ သမထ ကုသိုလ်လောက်ပင်လုပ်ပြီး အန္ဓပုထုဇဉ်ဘဝနှင့် သေခဲ့ရ၏။
ဝိပဿနာ ကုသိုလ်တစ်ခုမှမယူနိုင်ခဲ့၏။
★ ဝိပဿနာဥာဏ်ဆို၍ နာမရူပ ပရိစ္ဆေဥာဏ်နှင့် ပစ္စယပရိဂ္ဂဥာဏ်လောက်ပင် မရခဲ့။★
ထို့ကြောင့် အန္ဓပုထုဇဉ်ဘဝမှ စုတေသောအခါ ဘာသာခြားဘဝသို့ ရောက်ခဲ့ရခြင်းဖြစ်၏။
အရင်ဘဝက အသက်ထက်ဆုံး ဗုဒ္ဓဘာသာဘဝနှင့်နေခဲ့ရသောကြောင့်
ယခု ဘာသာခြားဘဝတွင်လည်း ရတနာသုံးပါးကို
ဆည်းကပ်ကိုးကွယ်ချင်စိတ် အလိုလိုပေါက်လာခြင်းဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာအများစုကို တိုက်တွန်းပါ၏။
ရွှေပြည်သာမှ မိန်းကလေးလို မဖြစ်ရအောင် ဘဝဆက်တိုင်း
ဗုဒ္ဓဘာသာမှတစ်ပါး တခြားဘာသာသို့ ပြောင်းမသွားရအောင်
ဤ (မေတ္တာရှင်ရွှေပြည်သာ၏ သညာသိနှင့် ပညာသိ) စာအုပ်ကို
သေချာဖတ်ရှုလေ့လာ၍ အနည်းဆုံး
နာမရူပ ပရိစ္ဆေဥာဏ်နှင့် ပစ္စယပရိဂ္ဂဥာဏ်ကို အရယူနိုင်ကြပါစေ။
မေတ္တာရှင်ရွှေပြည်သာ ဆရာတော် အရှင်ဇဝန
(သညာသိနှင့် ပညာသိ စာအုပ်၊ စာမျက်နှာ ၃၆ နှင့် ၃၇ မှ)
ဓမ္မဒါန ပြုရတဲ့ကောင်းမှုကုသိုလ်ကြောင့် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေသား။
လောကမိခင်Credit To :နှလုံးသားအာဟာရ> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Posted in: ဗဟုသုတ
.gif)






0 comments:
Post a Comment