လောကမှာ နှစ်ခုဒွန်တွဲနေတတ်ပါသည်၊ ကောင်းတဲ့သဘောတရားတွေရှိသလို မကောင်းသည့်
သဘောတရားများလည်းရှိပါသည်။တစ်ခုနဲ့တစ်ခုဆန့်ကျင့်မှုသဘောလေးတွေနဲ့ယှဉ်တွဲနေရတတ်ပါသည်။
ဥပမာ လူမှန်လျှင်တယောက်တည်းမနေနိုင်သလိုပါပဲ အနည်းဆုံးနှစ်ယောက်ရှိမှ အဆင်ပြေနိုင်ပါသည်၊
နှစ်ယောက်မှာလဲ ဆန့်ကျင့်ဘက်ဖြစ်ရမည်၊ဆိုကြပါစို့ဗျာ လောကမှာ အထီး အမ ဆိုသည့်ဆန့်ကျင်ဘက်
မရှိမဖြစ်လိုအပ်ပါသည်။
လောကမှာ ဆန့်ကျင်ဘက်အဖော်ရှိမှဘဝ၏အတွေ့အကြုံဖြစ်သည့် အရည်အချင်းများသည် တိုးတက်လာမည်ဖြစ်ပါသည်၊မီမိကိုဆန့်ကျင်သောသူမရှိဘူးဆိုလျှင် မိမိကိုယ်ကို အတော်ဆုံးထင်လျှက် ငါတော်ငါတတ်ဆိုသည့်မထားသင့်သည့်မာန်မာနတရားများသည်မိမိရဲ့စိတ်နှလုံးသားမှာကိန်းဝပ်လာ
မည်ဖြစ်ပါသည်၊ သို့ကဲ့သို့ အကုသိုလ်မာန်မာနတရားများ ဝင်လာပါက မိမိရဲ့စိတ်နေစိတ်ထားကောင်းများ ပျက်စီးသွားမည်ဖြစ်ပါသည်။
ထို့ကြောင့် ဘဝမှာ ဆန့်ကျင်ဘက်ဆိုတာ မရှိမဖြစ်လိုအပ်သည့်အဖော်ဖြစ်ပါသည်၊ဘုရားရှင်တော်
သည်သော်မှလည်းဆန့်ကျင်ဘက်အဖော်ရှိခဲ့ပါသည်၊သို့အတွက်ကြောင့်လောကမှာမိမိဘဝတိုးတက်အောင်
မြင်ရန်အတွက် အမြဲဆန့်ကျင်ဘတ်လုပ်တတ်သည့်သူ မရှိမဖြစ်လိုအပ်ပါသည်ဟု စာရေးသူဆိုချင်ပါသည်၊
လောကနိယာမအနေနဲ့ ဖြစ်တတ်သည့် သဘာဝတရားလေးတွေကို လူတိုင်းလူတိုင်း မမေ့ထားစေချင်ပါဘူး
ကိုယ့်ဘဝ တိုးတက်လာခြင်းသည် ဘာကြောင့်လဲဟု မိမိကိုယ်ကို ပြန်ပြီးမေးကြည့်ရလျှင် တစိပ်တစ်ဒေသ
အနေနဲ့ ဆန့်ကျင့်ဘက်လုပ်သောတတ်သူသည် လက်သည်တစ်ယောက် ဖြစ်ပါလိမ့်မည်။
အဲဒါကြောင့် သဘာဝတရားတွေကအစုံလိုက်၊အတွဲလိုက်ရှိနေပါသည်၊ဒီသဘောလေးကို
လူတိုင်းနာလည်စေချင်ပါသည် သို့အတွက် အခုပြောချင်တဲ့ အကြောင်းအရာလေးကတော့ ရယူခြင်းနဲ့
ပေးဆက်ခြင်းဖြစ်သည့်ဆန့်ကျင်ဘက်သဘောလေးပါပဲ၊ပေးဆပ်ခြင်းသဘောကိုစာပေမှာလာသည့်အတိုင်း
ပြောရလျှင်လိုချင်တပ်မက်မှုကင်းသောအလောဘတရားဖြစ်ပါသည်၊မိမိသာပိုင်ဆိုင်လိုသည်ဆိုတဲ့စိတ်မရှိ
၊ရယူလိုမှုကင်းပပါသည်၊ထိုကဲ့သို့သောသဘောတရားကို ပေးဆပ်ခြင်းဟု ဆိုပါသည်။
ရယူခြင်းသဘောသည်၊ ဘယ်သူသေသေ ငတေမာလျင်ပြီးဆိုသည့် လောကဆိုရိုးစကားကဲ့သို့
အရာအရာကို ဗိုလ်ကျလိုသောစိတ်၊ မိမိသာ ပိုင်ဆိုင်လိုသောစိတ်၊ မိမိသာ အနိုင်လိုချင်သောစိတ်ဓာတ်များ
သည်၊ ရယူခြင်းသဘောဖြစ်ပါသည်၊ ထို ရယူခြင်း ပေးဆပ်ခြင်းနှစ်ပါးသည် ဓမ္မနိယာမသဘာဝဖြစ်ပါသည်၊
ထိုကဲ့သို့ ဆန့်ကျင်ဘက်တရားများသည် ဒွန်တွဲနေလျှက်ရှိကြပါသည်၊ ဆိုလိုချင်သည်မှာ အရာအရာတိုင်း
မှာ ဆန့်ကျင်ဘက်သဘောသဘာဝများ ရှိနေရမည်ဖြစ်ပါသည်။ သို့မှသာလျှင် မဇ္ဈိမလမ်းစဉ်ကျမည်ဖြစ်ပါ
သည်၊ လောကမှာ ပေးဆပ်ခြင်းသဘောတရားတစ်ခုတည်းနဲ့ ရပ်တည်လို့ မရသလို၊ရယူခြင်းသဘောတရား
တစ်ခုတည်းနဲ့လည်း ကျင့်သုံး၍ မရနိုင်ပါ၊သဘောသဘာဝခြင်းမတူသော်လည်း အချင်းခြင်းအဝိဂတပစ္စည်း
အနေဖြင့် ကျေးဇူးပြုနေကြပါသည်။
ဥပမာ ရယူခြင်းသဘောသဘာဝကို မြင်မှ၊ ပေးဆပ်ခြင်းဆိုသည့် သဘောသဘာဝကို ကျင့်သုံးနိုင်
မည်ဖြစ်သလို၊ မရှိခြင်းသဘောတရားကို မြင်နိုင်မှ၊ ရှိခြင်းသဘောကို ဆောင်နိုင်မည်ဖြစ်ပါသည်။ ဗိုလ်ကျ
အနိုင်ယူခြင်းကိုသိမှ ဗိုလ်မကျတတ်သောနင့်နာခံတတ်သည့်သဘာဝတရားကိုရှာလာ ကြပါသည်၊နင့်နာ
ခံတတ်သောစိတ်ကို စာပေမှာတော့အလောဘဟုဆိုပါသည်၊ လူတိုင်းနားလည်အောင် ပြောရမည်ဆိုလျှင် သားသမီးများအပေါ်တွင်ထားသည့် မိခင်စိတ်ဓာတ်လိုပါပဲ၊ ပေးဆက်မှုအပြည့်အဝ ထားရှိပါသည်၊ ရယူလို
သောစိတ်ဓာတ်လုံးဝမရှိပါ၊ထိုကဲ့သို့ သားသမီးများအပေါ်ထားသော မိခင်တယောက်၏ စိတ်ဓာတ်မျိုးကို
လူသားတိုင်းအပေါ်တွင် ထားနိုင်မည်ဆိုလျှင် ကျွန်တော်တို့နေထိုင်သည့် လောကကြီးသည် ပျော်ရွှင်စရာ သိပ်ကောင်းမှာပဲ လောကလူသားများအပေါ် မိမိ၏ရင်သွေးပမာထားနိုင်မည်ဆိုလျှင်တကယ့်ပေးဆက်ခြင်း
နှင့်ပြည့်ဝသောစိတ်ဓာတ်မျိုးဖြစ်ပါသည်။
ဒီလိုစိတ်ဓာတ်မျိုး ဖြစ်ပေါ်လာတယ်ဆိုသည်မှာ ဆန့်ကျင်ဘက်ဖြစ်သည့် ရယူခြင်းသဘောကို
သိမြင်လို့ပါပဲ၊ဒါကြောင့် လောကမှာ ရိုးရိုးရှင်းရှင်းလေး တွေးကြည့်မည်ဆိုလျှင်လူတိုင်းလက်ခံနိုင်အောင် ဘာပဲလုပ်လုပ် လူတိုင်းလက်ခံနိုင်အောင်လုပ်ဖို့ အရေးကြီးလှပါသည်။ မိမိလုပ်သည့် လုပ်ရပ်အပေါ်မှာ
လူအများလက်ခံလာအောင်၊ သားသမီးများအပေါ်တွင် ထားသည့် မိခင်တယောက်၏ စိတ်ထားမျိုးနဲ့
တူသောပေးဆပ်တတ်သည့်နှစ်လုံးသားပိုင်ရှင် ဖြစ်လာအောင် ကြိုးစားရမည်ဖြစ်ပါသည်။
အဲဒါမှ မိမိအပေါ်မှာ လူတိုင်းက လက်ခံယုံကြည်လာလိမ့်မည်ဖြစ်ပါသည်။လူတိုင်းကယုံကြည်
လက်ခံလာပြီဆိုလျှင် ထိုသူသည် လောကမှာ ဘဝအောင်မှုရှိသူဟုဆိုနိုင်ပါသည်။ထို့ကြောင့် ရယူခြင်းကို အဖော်ပြုပြီး ပေးဆက်ခြင်းမိခင်စိတ်ဓာတ်ပြည့်ဝသောသူဖြစ်ပြီး လောကကြီးကို အလှဆင်နိုင်သူတွေ
ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း ရယူခြင်း ပေးဆပ်ခြင်းဆိုသည့် စာစုလေးဖြင့်
လောကမိခင်ပညာဒါနကျောင်းသုံးနှစ်ပြည့်အထိမ်းအမှက်ဖြင့်
မောင်သာမိ(လောကမိခင်)
0 comments:
Post a Comment